Part 6

2.5K 195 3
                                                  

Jaejoong သူ့မိသားစုအကြောင်းမေးချင်ပေမယ့် မမေးရက်ပါ သူများခံစားသွားရမလား

သူ့မျက်နှာလုံးဝပြန်လန်းမလာပါအရင်လိုJaejoongအနားကပ်ပြီး စကားတွေလဲမပြောတော့။

လုံးဝကိုငြိမ်နေသည်။ ဘာဖြစ်လို့လဲ ကွာ--မင်းအဲလို တွတ်တီးတွတ်တာမနေတော့လဲ ငါ ဟာနေသလိုဘဲ။

ကျောင်းပိတ်ရက်တွေရောက်လာပြီဆိုတော့ Jaejoong သူ့ကိုခရီးထွက်စေချင်သည်။ သူ့စိတ်တွေပြန်လန်းလာအောင်ပေါ့ -- ဒါပေမယ့် သူငြင်းသည် ။ အိမ်ထဲမှာဘဲအောင်းနေသောသူ့ကိုတစ်ကယ်ဘာလုပ်ပေးရမှန်းမသိ။

“Yunho ဘာစားချင်လဲ ငါဈေးသွားပြီး ချက်ပေးမယ်လေ “

“ရပါတယ် မင်းအဆင်ပြေတာဝယ်လာခဲ့ ငါမင်းချက်တာမှန်သမျှစားနိုင်ပါတယ်”

“အင်း ဒါဆိုငါသွားမယ် ဆိုင်ကယ်ယူသွားမယ် နော် မင်းစိတ်ထဲတစ်ခုခုစားချင်လာရင် ဖုန်းဆက်လိုက် နော်”

“အင်း ဂရုစိုက်မောင်းဦးဆိုင်ကယ် ကို ဦးထုပ်ဆောင်း”

အရင်ဆို သူ့အဲလိုပြောရင် ရန်တွေ့ပစ်တတ်ပေမယ့် ခုတော့သူအဲလိုဂရုစိုက်ပြောတာကိုဘဲ သဘောကျနေမိသည်။

ဈေးရောက်တော့ သူကြိုက်နိုင်မယ့်အစားအစာမျိုးလေးတွေရွေးဝယ်နေရင်း

“ဟေး Jaejoong Yunho ရောမပါဘူးလား တစ်ယောက်တည်းလား”

“Changmin မင်းကလဲအိမ်တောင်မလာတော့ဘူး “

“အင်း ငါ လား အိမ်ကိုပြန်တော့ အဖေက ငါလုပ်ချင်တဲ့အနုပညာအလုပ်ကိုလုပ်ခွင့်ပေးတယ် ဒါကြောင့်

ငါအလုပ်အရမ်းများနေတာ လာဟိုကော်ဖီဆိုင်မှာကော်ဖီသောက်ရင်းစကားပြောရအောင်”

Jaejoong လဲ အခွင့်ရတုန်း Yunhoအကြောင်းကို Changminကိုမေးမိတော့သည်။

“အင်း သူကသိပ်သနားဖို့ကောင်းတယ်ကွ သူတို့မိသားစုပိုက်ဆံအရမ်းရှိတာသိတယ်ဟုတ် သူ့အဖွားတို့သူ့အဖေတို့ကအရမ်းအယူသီးတယ်ကွ နတ်တို့မကောင်းဆိုးဝါးတို့ဆိုသိပ်ယုံတာတဲ့

သူ့မှာအစ်ကိုလေးယောက်ရှိတယ်လေသူ့အဖေကသမီးသိပ်လိုချင်တာတဲ့ နောက်သမီးလေးတကယ်ကိုရခဲ့တယ်

အချစ်ငတ်သူWhere stories live. Discover now