ဒါ..ဒါကြီးက ဟန်ကျိုးလီ မဟုတ်ဘူးလားဟင်!

အတိတ်ဘဝမှာ သူ့ကို အနီးကပ် မြင်တွေ့နိုင်မယ့် အခွင့်အရေးမျိုး မရရှိခဲ့ချေ။ လူမှုရေးပွဲတွေမှာသာ လုချီ၏ အကူအနေဖြင့် သူ့ကို အဝေးကနေ မြင်ဖူးခဲ့သည်။

ဟန်ကျိုးလီသည် ဟန်မီဒီယာကုမ္ပဏီ၏ စီအီးအို ဖြစ်ပြီး သတင်းမီဒီယာများတွင် မကြာခဏ ပါလာတတ်သည်။

အထင်ကြီးမိစေသော ရုပ်ရည် နှင့် အနုပညာလုပ်ငန်း၏ တစ်ဝက်ကျော်လောက်ကို ပိုင်ဆိုင်ထားသော်လည်း သူသည် ဘယ်အမျိုးသမီးအနုပညာရှင်နှင့်တော့ အတူရှိနေသည် ဟူသော ကောလာဟလမျိုး လုံးဝ ထွက်ပေါ်ခဲ့ခြင်း မရှိပါ။

ထို့ကြောင့် သူ့ကို အမျိုးကောင်းသား အဖြစ် သဘောထားကြပြီး စိတ်ကူးယဥ်တတ်သည့် ငယ်ရွယ်သော အမျိုးသမီးများစွာမှာ သူ့ကို ၎င်းတို့၏ စံပြလက်တွဲဖော်အဖြစ် မှတ်ယူကြသည်။

ဒါပေမယ့်လေ သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ..

သူမရဲ့ အရင်ဘဝမှာလည်း ဒီဘေးခန်းမှာပဲ ရှိနေခဲ့တာလား..

ဒါဆိုရင် သူမကို ရဲတွေဖမ်းသွားတဲ့အချိန် ကတောက်ကဆဖြစ်တာတွေကိုပါ သူ မြင်ခဲ့လား

ဟန်ကျိုးလီက သူမကို ရယ်သွေးသွမ်းစွာ ကြည့်သည်။
" ငါ့ဆီကို ပစ်ဝင်ချင်ကြတဲ့ မိန်းမတွေကို မြင်ဖူးပေမယ့် ပြတင်းပေါက်ကနေ ဖက်တက်လာတဲ့ မိန်းမကိုတော့ မမြင်ဖူးသေးဘူး "

ဟန်ကျိုးလီက အနည်းငယ် ညွတ်ကိုင်းလာစဥ် လုမန်မျက်လုံးတွေက သူ့ခါးတွင် ရစ်ပတ်ထားသည့် တဘက်ဆီရောက်သွားသည်။ တဘက်သည် သူ လှုပ်ရှားလိုက်တာနှင့် အချိန်မရွေး ကျွတ်ကျတော့မည့် ပမာ။

နောက်ခဏတွင် သူမအောက်မေးရိုးကို ရှည်သွယ်သော လက်ချောင်းများက ဖမ်းဆုပ်သွားသည်။ " ငါတို့ရောက်နေတာက ၂၆ထပ်မှာဆိုတော့ မင်း တော်တော် ကြိုးစားခဲ့တဲ့ပုံပဲ "

လုမန် စကားပြောမည် အလုပ်တွင် အပြင်ဘက် လသာဆောင်မှ ရုတ်ရုတ်သဲသဲ အသံတစ်ချက် ထွက်ပေါ်လာသည်။

" ဘယ်လိုဖြစ်လို့ ဒီမှာ တစ်ယောက်မှ မရှိရတာလဲ။ လသာဆောင်ကနေ ထွက်သွားပြီလား "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now