EPISODE 5

1.4K 35 0
                                    

Unicode

အပိုင်း (၅)

ထိုနေ့မှစ သူတို့ချစ်သူတွေဖြစ်လာကြသည်မှာ ယနေ့ထိပင် မကြာခင်မှာ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာလည်း ၂နှစ်ပြည့်တော့မည်။ LDRS သဘောမျိုးတွဲခဲ့တာကြောင့် အချိန်ပြည့် Online ကနေပဲ အလွမ်းသယ်ခဲ့ရသည်။ ချစ်သူသက်တမ်းတစ်လျှောက် အပြင်မှာတွေ့ပြီး Date လုပ်ခဲ့ရသည်မှာ ၅ကြိမ်သာရှိသည်။ ကိုယ်မအား သူမအားဖြင့် မအားတဲ့ကြားကနေ Video Call တော့ နေတိုင်း ညတိုင်းခေါ်ဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်တွဲနေသည်ကိုလည်း သူတို့၂ယောက်မှလွဲ မည်သူမှမသိပေ။

[လက်ရှိအချိန်]

"သမီး ပြောတဲ့ လိပ်စာအတိုင်းဆိုရင်တော့ ရောက်ပြီသမီး"

Taxi သမား ဦးလေးကြီးရဲ့ စကားကြောင့် အတွေးလွန်နေရာမှ သတိရကာ ကြည့်မိတော့ သူမတို့ အလွမ်းပြေစံအိမ်ရှေ့တောင်ရောက်နေပြီ။

"အာ ဟုတ် ဦးလေး ဒီမှာ ကားခပါနော် ကျေးဇူးပါ"

သူမလည်း ကားပေါ်က ဆင်းပြီး စံအိမ်ထဲဝင်ဖို့ ဘဲလ် နိုပ်လိုက်တော့သည်။ ခြံတခါးပွင့်လာတာနဲ့ မြင်လိုက်ရတဲ့ အမကြီးက ငယ်ငယ်က သူမကိုထိန်းပေးတဲ့ မစန္ဒီပင်။

"ဟယ် မစန္ဓီတို့ရဲ့ရဲ့ ဟန်နီလေးပြန်လာပြီ မေမေကြီးရေ ဒါဒါလေးပြန်လာပြီ"

"မစန္ဓီ အထုတ်လေးတွေကူသယ်ပေးပါအုန်းနော် ဟန်နီမနိုင်တော့လို့"

"အယ် ရတာပေါ့ ထားခဲ့ထားခဲ့ အမသယ်လာမယ်"

"ဟုတ်ကဲ့ ဒါဆို ထားခဲ့မယ်နော်"

သူမလည်း အထုတ်တွေထားပြီး အိမ်ထဲဝင်လာတော့ မာမီက လှေကားကနေဆင်းလာသည်။

"ဟယ်တော် မာမီ့သမီးငယ်လေး လာပါအုန်း အမယ်လေးလေး မာမီတို့ကိုမပြောမဆိုနဲ့ အဆိုးလေး ဟင့် ရွတ် မာမီ့အသည်းတုန်းလေး"

"မာမီရယ် ဘာလိုငိုတာလဲ ဟန်နီကိုတွေ့တာမပျော်ဘူးလား ဘာလဲ ဟန်နီက မာမီကိုဆိုးတော့မှာဆိုပြီး စိတ်ညစ်သွားတာလား"

"မဟုတ်ရပါဘူး အတတ်ကလေးရယ် မာမီက မာမီ့သမီးငယ်လေးကိုလွမ်းလွန်းလို့ ငိုမိတာပါ သမီးဒယ်ဒီဆီဖုန်းဆက်ပြီးပြီလား သမီး"

You've reached the end of published parts.

⏰ Last updated: Sep 19, 2024 ⏰

Add this story to your Library to get notified about new parts!

"မြူစွယ်လွန်းတယ် ပျားငယ်ငယ်"Where stories live. Discover now