Unicode
အပိုင်း (၃)
Professional Camera Man တစ်ယောက်နဲ့ရိုက်ထားသလိုမျိုး အရောင်အသွေးစုံလင်စွာ လှပသေသပ်နေသော သူမပုံလေးတွေကြောင့် အရမ်းကြိုက်မိသည်။
"ဟင် ဒီပုံက"ဟုတ်ပါသည် သူမမသိအောင် အတ္တ တစ်ယောက်ခိုးရိုက်လိုက်သော Tower Bridge ကပုံပင်ဖြစ်သည်။
ဟန်နီတစ်ယောက်ရင်တွေခုန်လွန်းနေသော သူမနှစ်လုံးသားလေးကိုလက်လေးနှစ်ဖက်ဖြင့်နှင့်ဖိထားကာ မျက်လုံးများမှိတ်ထားလျက်။
တစ်ဖက်ကပုံပို့လိုက်သော အတ္တ မှာလည်း ဟန်နီ ထပ်မလျော့သော ရင်ခုန်နှုန်းတွေဖြင့် ရင်တွေခုန်နေသည်။
ထိုချိန် မမဆီမှ Harry Potter World မှာရိုက်ခဲ့တဲ့ပုံလေးတွေအပြင် အတွဲပုံလေးတွေပါ ပို့ပေးလာတာကြောင့် သူနဲ့ ကိုကိုရိုက်ထားသောပုံလေးကို ထောက်ကြည့်လိုက်မိသည်။
"ဟင် သူတကယ်ပြုံးနေခဲ့တာပဲ"
ထိုပုံလေးကို သူ့ဖုန်းရဲ့ Home Wallpaper မှာ ပြောင်းထားလိုက်ပြီး အတ္တ ကိုယ်တိုင်ရိုက်ပေးတဲ့ ပထမဆုံးပုံလေးကိုတော့ Lock Wallpaper မှာထားလိုက်သည်။
ဟန်နီ မသိလိုက်သည်က သူ့နည်းတူ ကောင်လေးတစ်ယောက်မှာလည်း စုံတွဲပုံလေးကို ဖုန်း Wallpaper တင်ထားလိုက်သည်ကိုပင်။
မမတို့ပြန်မယ့်နေ့မှာမှ သူမရဲ့အကြိုစာမေးပွဲ ရှိသည်ကြောင့် လေဆိပ်ကိုလိုက်ပို့ခွင့်မရခဲ့ပေ။ လွမ်းနေမယ့်အကြောင်းတွေ တစ်စုံတစ်ယောက်ကိုပြောချင်နေပေမယ့် မသက်ဆိုင်သောသူနှစ်ယောက်ဖြစ်တာကြောင့် ရင်ထဲမှာပင်မြိုသိပ်ခဲ့ရသည်။
၂နှစ်ကြာသော်
ဘာလိုလိုနဲ့ သူမတောင် ဘွဲ့ရတော့မည်။ စာမေးပွဲပြီးကထည်းက ဒယ်ဒီရဲ့ ပြန်လာပါတော့ မီးငယ်ရယ် ဒယ်ဒီလွမ်းလှပြီဆိုသော ဒယ်ဒီကြောင့် အခုပြန်ရတော့မည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်တော့ Suprise ဖြစ်အောင်ဆိုပြီး ဘယ်သူ့ကိုမှမပြောထားတာကြောင့် သူမ Taxi ဌား၍သာပြန်ရပေမည်။
Taxi ပေါ်ရောက်တော့ သူမတို့အကြောင်းကိုစဉ်းစားမိသွားသည်။
လွန်ခဲ့သော ၂နှစ်က

YOU ARE READING
"မြူစွယ်လွန်းတယ် ပျားငယ်ငယ်"
Romance"Bee မင်းသိပ်ဆိုးတယ်" အတ္တမင်းယံ "အခုကစပြီး ကိုကို့ကို ဟန်နီမြူစွယ်တော့မှာမို့လို့ လွတ်အောင်သာပြေးထားပေတော့ ကိုကို" ဟန်နီ Start Date : 19.9.2024《Thursday 》 End Date. :