EPISODE 1

3.4K 46 0
                                    

Unicode

အပိုင်း (၁)

"ဟင့် ဟင့် မလုပ်ပါနဲ့ ငါ...ငါ့မှာရှိသမျှပိုက်ဆံတွေပေးပါ့မယ် ဟင့်"

"မလိုချင်ဘူး ငါတို့လိုချင်တာက နင်ကျောင်းထွက်တာကိုပဲ"

"ဟင် မ...မလုပ်နဲ့ ငါ့မိဘတွေက ဒီလိုကျောင်းမျိုးမှာမထားနိုင်ပါဘူး Scholar ရလို့သာ ဒီလိုကျောင်းမှာ တက်ရတာပါ အဲ့တာကြောင့် ကျောင်းတော့မထွက်ပါရစေနဲ့နော်"

"မလိုချင်ဘူး နင်ကျောင်းအေးဆေးထွက်မလား ဒါမှမဟုတ် ဘယ်ကျောင်းမှတက်လို့မရတော့အောင်လို့ ငါလုပ်ရမလား ဒါပဲပြော"

"ဟင့် ဟင့် ငါ...ငါကျောင်းထွက်ပါ့မယ်"

"လိမ္မာတယ် မနက်ဖြန် နင့်မျက်နှာကို မတွေ့ချင်ဘူး ထပ်တွေ့ရင်တော့ ငါ့အကြောင်းသိစေရမယ်"

သူမကို ချိန်းခြောက်ပြီးထွက်သွားသော မိန်းကလေးအုပ်စုကိုငေးကြည့်ကာ ဝမ်းနည်းပတ်လက်ငိုမိသည်။ သူမတို့ မိသားစုလေးဟာ အလွန်ဆင်းရဲသောကြောင့် ဒီလိုမျိုး အဆင့်အတန်းမြင့်လွန်းတဲ့ကျောင်းမျိုးမပြောနဲ့ သာမာန်ကျောင်းလေးတောင် တက်ရောက်ဖို့ ငွေအင်အားမရှိပေ။

အဖေက ကား Driver၊ အမေက အပ်ချုပ်သမ သူတို့မိသားစုလေးဟာ တစ်နေ့လုပ်မှတစ်နေ့စားရသောဘဝပင်။

သူမဟာ အလယ်တန်းကျောင်းကနေ Scholar ရရှိသောကြောင့်သာ အဆင့်အတန်းမြင့်သော ဂုဏ်ကျက်သရေရှိလူကြီးမင်းများ၏ သားသမီးများသာတက်ရောက်နိုင်တဲ့ LUNA High School ကို တက်ရောက်ခွင့်ရခဲ့သည်။

သူမ LUNA ကျောင်းကို စရောက်ချိန်အခါက ကျောင်းတော်ကြီးရဲ့ လှပခန့်ညားမှု၊ ကြီးမားကျယ်ပြန့်မှု၊ အရှိန်အဝါတောက်ပမှုကို ရင်နှင့်အဆန့်ခံစားလိုက်ရသည်။

ဒီလိုကျောင်းတော်ကြီးမှာ တက်ရောက်ခွင့်ရတဲ့ သူမအဖို့ တကယ့်ကိုမှ မမျှော်လင့်ရဲခဲ့သော အိမ်မက်တစ်ခုပင်။ ဒီကျောင်းတော်ကြီးမှာ တက်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေက တကယ့် ဒိတ်ဒိတ်ကျဲ ထိပ်တန်းစီးပွားရေးသမားတွေရဲ့ကလေးတွေ၊ ဝန်ကြီးချုပ်၊ ရှေ့နေတွေရဲ့ ကလေးတွေ အစရှိသဖြင့် အဆင့်အတန်း အမြင့်ဆုံးမှ အမြင့်ဆုံးသူတွေရဲ့ ကလေးတွေသာတက်ရောက်ကြသည်။ သူမလို Scholar နဲ့တက်ရောက်ခွင့်ရခဲ့တဲ့သူများလည်း ရှိပေမယ့် လက်ချိုးပင်ရေလို့ရသည်။

"မြူစွယ်လွန်းတယ် ပျားငယ်ငယ်"Where stories live. Discover now