Unicode
အပိုင်း (၂)
ပထမဆုံး စလည်မယ့်နေရာကတော့ Landon ရဲ့ ကလေးတွေရော လူငယ်တွေပါ အသွားချင်ဆုံးနေရာတခုဖြစ်တဲ့ Harry Potter World ကိုသွားခဲ့ကြသည်။ သူတို့တစ်ဖွဲ့လုံးက Harry Potter ဖန်တွေဖြစ်တာကြောင့် နှစ်ခါတိုင်ပင်စရာမလိုဘဲ သွားဖို့ဖြစ်လာသည်။
Harry Potter World ကိုရောက်တော့ ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံရိုက်နေတာကိုမြင်ပြီး ဝတ်စုံဆင်တူဝတ်ကြရင် ဝတ်စုံဌားမယ့်ဆိုင်ထဲအရင်ဦးစွာဝင်လိုက်ကြသည်။
သရနဲ့ နန်းစံက Cedric Diggory ကိုအရမ်းကြိုက်သောကြောင့် Hufflepuff ဝတ်စုံအဝါလေးရွေးသည်။ ဒေစီနဲ့ ရနံ့ကတော့ Luna LoveGood နဲ့ Cho Chang Fan တွေဖြစ်တာကြောင့် Ravenclaw ဝတ်စုံ အပြာလေးရွေးသည်။ ဈန်မင်းနဲ့ ဟန်နီကတော့ Harry Potter နဲ့ Hermione လိုမျိုးပုံစံဖမ်းကာ Gryffindor ဝတ်စုံ အနီကိုရွေးသည်။ အတ္တကကတော့ Draco လိုမျိုး ချောမောခန့်ညားတဲ့ Type ဖြစ်တဲ့ပြီး Slytherin ကိုလည်း သဘောကျတဲ့အတွက် အစိမ်းရောင်ဝတ်စုံသာရွေးသည်။
Wand လေးတွေကို Character အလိုက် တစ်ယောက်တစ်ချောင်းစီဝယ်ကာ Spell တွေရေရွတ်ရင်း လျှောက်ဆော့နေကြသည်မှာ ၃နှစ်ကလေးတွေလိုပင်။
တစ်ယောက်ချင်း ဓာတ်ပုံတွေမျိုးစုံရိုက်အပြီးမှာ သရရဲ့အကြုံပေးမှုကြောင့် Character အလိုက် တစ်တွဲစီရိုက်ဖို့ဖြစ်လာခဲ့သည်။
ပထမအတွဲကိုတော့ သရနဲ့ နန်းစံက Hufflepuff ကျောင်းသားတွေလိုဝတ်ဆင်ထားတာကြောင့် တူတူရိုက်လိုက်ကြသည်။ ဒုတိယအတွဲကိုတော့ Cho Chang အသွင် ရနံ့နဲ့ Harry Potter အသွင် ဈန်မင်းက ရိုက်သည်။ တတိယအတွဲကတော့ Luna အသွင် လဝန်းနဲ့ Harry Potter အသွင် ဈန်မင်းကထပ်ရိုက်သည်။ စတုတ္ထကိုတော့ Harry Potter အသွင် ဈန်မင်းနဲ့ Hermione အသွင် ဟန်နီက ရိုက်သည်။ ပဉ္စမကိုတော့ Harry Potter အသွင် ဈန်မင်းနဲ့ Draco အသွင် အတ္တ
ကရိုက်သည်။Character အလိုက်ရိုက်အပြီးမှာတော့ သရနဲ့နန်းစံတို့ရဲ့ Ship Couple ဖြစ်တဲ့ Draco နဲ့ Hermione တို့ကိုတွဲရိုက်စေချင်သော ဆန္ဒကြောင့် နောက်ဆုံးအနေနဲ့ သူတို့စိတ်ချမ်းသာအောင် အတ္တ နဲ့
ဟန်နီနဲ့က တွဲရိုက်လိုက်ရသည်။အတ္တကတော့ ဘယ်လိုနေမလဲမသိပေမယ့် တွဲရိုက်ရမယ်ဆိုသောအသိကြောင့် ဟန်နီမှာတော့ ခြေဖျားလက်ဖျားတွေအေးစက်က တုန်နေမိသည်။

YOU ARE READING
"မြူစွယ်လွန်းတယ် ပျားငယ်ငယ်"
Romance"Bee မင်းသိပ်ဆိုးတယ်" အတ္တမင်းယံ "အခုကစပြီး ကိုကို့ကို ဟန်နီမြူစွယ်တော့မှာမို့လို့ လွတ်အောင်သာပြေးထားပေတော့ ကိုကို" ဟန်နီ Start Date : 19.9.2024《Thursday 》 End Date. :