9

18.5K 840 54
                                    

💕💕 စေရင် 💕💕
...........(9). ...........

" အစ်မနွေးနွေးရီ ကို ဒုက္ခဖြစ်စေမယ့် အလုပ်ကို ကိုကိုမလုပ်ဘူး စိတ်ချ "

>> ကိုကိုရာ ကျွန်တော့ကြောင့် မဟုတ်ပဲ အဲ့အစ်မကြောင့်တဲ့လား.. ကိုကို ကျွန်တော်ပြန်ပေးဆပ်ရမယ့် အချိန်ရောက်လာပြီထင်တယ် ကိုကိုကျေနပ်သလောက် ကျွန်တော့ကို ရက်စက်လို့ရတယ်..ဒါပေမယ့် ကျွန်တော့ကို ထပ်ပြီးခွဲမသွားရဘူး ကိုကို <<

ကားထက်သို့ရောက်သည်နှင့် ကျွန်တော့လက်မောင်းပေါ်သို့ ခေါင်းမှီလာသော သူလွှမ်းမိုး ။ ကျွန်တော်သည်းခံနေတာတော့ မဟုတ်ဘူး။ စကားတစ်ခွန်းပင် ပြောချင်စိတ်မရှိလောက်အောင် ကျွန်တော့နှလုံးသားက နွမ်းလျနေတာ ဘာလို့လဲသိလား ကိုကို့ဆီကမရဘူးတဲ့ ဥပေက္ခာကြောင့်ပါ ။

' ကိုကို ' လို့ခေါ်လိုက်ရတိုင်း နွေးထွေးမှုနဲ့ ပိုင်နိုင်သေချာမှု တစ်ခုကို အမြဲလိုခံစားခဲ့ရတာ..။
ပိုမိုရဲတင်းလာပြန်တဲ့ သူလွှမ်းမိုးရဲ့လက်များက ကျွန်တော့ဘောင်းဘီအပြင်မှ ပေါင်အတွင်းပိုင်းသို့ ပွတ်သပ်နေသည်မှ ကျွန်တော် အသိပြန်ကပ်ရတော့သည်...။

" သူလွှမ်းမိုး "

ရုတ်တရက်ထအော်လိုက်သည်မို့ သူလွှမ်းမိုး လန့်ဖြန့်သွားသလို လက်အားပြန်ရုတ်သွားရလေသည်...။
ကျွန်တော်က ပြောရမယ်ဆိုရင် လိင်စိတ်ပြင်းထန်သူတစ်ယောက်လို့ဆိုရမည်..။
အဟင်းးး ကိုကိုနဲ့ဆိုရင်ပေါ့ ။ ဘဝတစ်လျှောက်လုံးမှာ ကိုကိုကလွဲပြီး ဘယ်သူနဲ့မှလည်း ရင်မခုန်ခဲ့ဘူးသလို ဘယ်သူနဲ့မှလည်း လိင်ဆက်ဆံခြင်းမပြုခဲ့ဘူးပါ..။

ဒါတွေကို ကိုကိုသိမှာမဟုတ်ပါဘူး..။
ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ခံစားချက်တိုင်းကို ဘယ်တုန်းကမှ ကိုကို့ကို ပြောလည်းမပြခဲ့ဘူးသလို တစ်ခါမှလည်း သိအောင် မကြိုးစားခဲ့ဘူးပါ...။

" ကို...ကိုသစ် ဘာ..ဘာလို့လဲဟင်..."

" ဟိုရှေ့နားမှာ ကျွန်တော်ဆင်းနေခဲ့တော့မယ် ကားကို သူလွှမ်းပဲ မောင်းသွားလိုက်တော့နော်..."

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now