သေချာကြည့်လိုက်တော့ ဟုတ်ပါရဲ့ Asahi ရဲ့နောက်ကနေ လူတစ်ယောက် Hoodie ကြီးဝတ်ပြီး လိုက်လာလေရဲ့

ဘယ်ရမလဲ Hamada Asahi တို့က မိုင်ကုန်တင်ပြီး ပြေးတာပေါ့

ဟိုကလည်း ထပ်ချပ်မကွာလိုက်လာတယ်

Asahi တို့ ကတော့ လွဲလိုက်ရမှသိလား လမ်းပိတ်တစ်ခုတည်းကိုပြေးဝင်မိလေရဲ့

Hoodie ဝတ်ထားတဲ့ သူကလည်း Asahi ရဲ့ အနားကို တဖြည်းဖြည်း ချဥ်းကပ်လာလေရဲ့

Asahi တစ်ယောက်ယောက် မျက်လုံးကလေး ပေကလပ်ပေကလပ်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ

ထိုသူကလည်း Asahi အနားကိုရောက်ဖို့ ခြေလှမ်းသုံးလေး လှမ်းလောက်ပဲလိုတော့တယ်

Asahi တစ်ယောက်ကြောက်ကြောက်နဲ့ မျက်လုံးနှစ်လုံးကို စုံမှိတ်ပြီး

"ကျ ကျွန်တော့် မှာ ဘာမှမပါ ပါဘူးဗျာ ဘာ ဘာ လိုချင်လို့လဲ''

ရုတ်တရက်ကြီးဆိုသလို Asahi ရဲ့ ပခုံးပေါ်ကို လေးလံတဲ့ အရာတစ်ခုပြုတ်ကျလာတယ်

Asahi တို့ သတ္တိကောင်းချက်ကတော့

"အားးးးးးးးးးးးး ''

မျက်လုံးလည်း ဖွင့်ကြည့်လိုက်ရော

ခေါင်းတစ်ခု လေးလံတဲ့ ခေါင်းတစ်ခု
ခေါင်းချည်းပဲ လားဆိုတော့ မဟုတ်ဘူး
လူတစ်ယောက်

လူတစ်ယောက် Asahi ရဲ့ ပခုံးပေါ်ကိုမှီလျက်သားနဲ့ သတိမေ့နေတယ်

"ဟာ ဒါက ဘယ်သူကြီးလဲ ဒီမှာဗျ ဟေ့ ဟေ့ ခင်ဗျား ထအုန်းဗျ''

အမှောင်ထဲမှာဆိုတော့ ဘယ်သူမှန်း သဲသဲ ကွဲကွဲသေချာ မသိ

"ဟာ သတိလစ်သွားတာထင်တယ် ဒုက္ခပဲ အိမ်လည်း ရောက်တော့မှာ ဆိုတော့ အိမ်ကို ခဏခေါ်သွား လိုက်ပါ့မယ်လေ''

ထိုစဥ် အချိန်ကိုက် ဖုန်းတစ်ခု ဝင်လာပြန်တယ်

"ဟာ လေးလိုက်တာဟာ''

"Sahi Asahi''

"အေး ငါ ပြော Doyoung''

"ဟမ်း မင်းဘာတွေလေးနေတာလဲ''

"အတော်ပဲ မင်းအခုအားတယ်မလား''

"အားတယ်လေ မိုးပဲချုပ်နေပြီ ဘာလို့လဲ''

Expected Unexpected Where stories live. Discover now