CHAPTER 67 - Kiss Back

14.6K 2K 237
                                    

Unicode

လေငွေ့နွေးနွေးကသူနားဘေးလေးမှာဖြတ်သန်းနေပီး သံပုရာနံ့သင်းသင်းလေးကပျံ့လွင့်နေတယ်။

တစ်ဖက်လူရဲ့ပုံစံကိုကြည့်ပီးလုရှင်းစစ်ဝိုင်တွေဘယ်လောက်သောက်ထားလဲဆိုတာသွမ့်ကျားရန်မှတ်မိနေတယ်။ သူမမူးဘူးပြောနေရင်တောင် သူသေချာပေါက်မမူးနေတာမဟုတ်ဘူး။

သူ့နောက်ကလူကအချိန်မရွေးပေါက်နိုင်တဲ့ဗုံးတစ်လုံးလိုပဲ။ သွမ့်ကျားရန်သူလှုပ်လို့မရမှန်းသူသိတယ်။ ဒါပေမဲ့လဲဒီတိုင်းကြီးနောက်ကိုလှည့်ကြည့်နေရတဲ့ပုံစံကြီးကတအားပင်ပန်းတယ်။ သွမ့်ကျားရန်လုရှင်းစစလတတ်နိုင်သမျှသတိမထားမိအောင်ခေါင်းကိုဖြည်းဖြည်းလေးပြန်လှည့်လိုက်တယ်။

ဒါပေမဲ့သူ့အပြုအမူကိုတစ်ဖက်လူကလွတ်မြောက်ဖို့ရှေ့ပြေးနိမိတ်လို့နားလည်သွားပုံရတယ်။ လုရှင်းစစ်ကသု့ရဲ့ပခုံးတွေကိုဖက်ပိုပီးတင်းတင်းချုပ်ထားတယ်။

"ငါထွက်မပြေးပါဘူး" တစ်ဖက်လူရဲ့အခြေအနေကိုနားလည်သွားပီးပီးချင်းမှာ သွမ့်ကျားရန်အရမ်းပူလောင်လာပီး တည်ငြိမ်နိုင်သမျှတည်ငြိမ်စွာနဲ့ရှင်းပြတယ် "မင်းအဲ့တိုင်းမလုပ်လဲရတယ်"

လုရှင်းစစ်ကြားပေမဲ့လွှတ်ပေးဖို့စိတ်ကူးလုံးဝမရှိဘူး။

သွမ့်ကျားရန်ကသူနဲ့မဝံ့မရဲဆွေးနွေးနေပီး တစ်ဖက်ကအာရုံလွှဲအောင်လဲလုပ်ချင်သေးတယ် "မင်းလက်လေး​နည်နည်လျှော့ပေးပါလား?မင်းမပင်ပန်းဘူးလား?"

"အင်း" လုရှင်းစစ်ကသံရှည်စွဲပီးပြောတယ်။ ခနနေတော့သူကထပ်​လောင်းပြောတယ် "မပင်ပန်းဘူး"

" ... "

သွမ့်ကျားရန်သူ့ကိုထပ်ပြောချင်နေသေးပေမဲ့ လုရှင်းစီကတိတ်သွားပီး သူ့ခေါင်းကိုလည်ပင်းထဲမှာနှစ်ထားတယ်။

သူ့ရဲ့​ခြေတံရှည်ရှည်တွေကကြမ်းပြင်ပေါ်မှာရှိနေပီး လက်မောင်းတွေကသွမ့်ကျားရန်ကိုရစ်ပတ်ထားတယ်။ ဒီလိုအားနည်းမှုနဲ့ပိုင်ဆိုင်မှုကိုပြသနေတဲ့ပုံစံကအတော်လေးပုံမှန်မဟုတ်ဘဲ တခြားသူတွေကိုပါသူတို့ဆီကိုအကြည့်တွေရောက်လာစေတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now