7

17.2K 742 42
                                    

💕💕 စေရင် 💕💕
...........(7). ...........

" သံလွင်ရေ ဆိုင်ခုံတွေချလိုက်တော့ဟေ့.."

" ဟုတ်ကဲ့ "

သံလွင်...ယခုနာမည် အရင်နာမည်က သန့်စစ်ပိုင် ။ ကျွန်တော်နာမည်ပြောင်းလိုက်တာပါ ။ သန့်စစ်ပိုင်ဘဝကို မုန်းလို့ သန့်စစ်ပိုင်ဘဝကို မေ့ပစ်ချင်လို့ ကျွန်တော့ဘဝအသစ်တစ်ခုမှာ သံလွင်လို့နာမည်ယူလိုက်မိတယ်....

" သံလွင်ရေ အရီးမြပန်းခုံတွေပါချပေးလိုက်နော်... ဘုရားဖူးတွေလာရင် တစ်ခါတည်း ရောင်းရအောင်လို့ "

" ဟုတ်ကဲ့ အစ်မ "

အစ်မလို့ ကျွန်တော်ခေါ်တဲ့ အစ်မနွေးနွေးရီအဲ့နေ့က ကျွန်တော့ကိုကယ်ခဲ့တဲ့သူ ကျိုက်ထီးရိုးဘုရားပေါ်မှာ မြန်မာမုန့်မျိုးစုံရောင်းတဲ့ အမျိုးသမီးတစ််ဦးပါ..အသက်က သုံးဆယ့်ငါးဝန်းကျင်ခန့်ရှိပြီး...ငါးနှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ဖခင်အိုကြီးတစ်ယောက်နဲ့ အတူတူလုပ်ကိုင်စားနေတာ​ပါ အမျိုးသားကတော့ ဆုံးခဲ့ပြီတဲ့ ။

အဲ့နေ့ကဆိုတာက အင်းးးးးအဲ့နေ့က

လွန်ခဲ့သော ငါးလ အတိအကျဆိုရလျှင် ကျွန်တော် နေ့သစ်ဆီက ထွက်ပြေးခဲ့တဲ့နေ့
Vitoria ဆေးရုံမှာ ကျွန်တော်သတိရလာတော့ သန့်စစ်က တခြားကမ္ဘာကရောက်လာသူတစ်ဦးလို ပြောင်းလဲနေပြီ ဒါပေမယ့် အရိုးစွဲနေတဲ့ကြောက်ရွံ့မှုက ကျွန်တော့ကိုသတိပေးတယ် ' ယုံလိုက်လို့မရဘူး​ အခုက မင်းအတွက် အခွင့်အရေးပဲ ' တဲ့ ကျွန်တော် သူမနက်စာသွားဝယ်တုန်း ကျွန်တော်ထွက်ပြေးခဲ့မိသည်။ နေ့သစ် ရှစ်မိုင်ဘက်သို့သွားလောက်မည်ဟု မှန်းဆက ဆန့်ကျင်ဘက် အောင်မင်္ဂလာအဝေးပြေးကွင်းဘက်သို့ ။

ခက်တာက ကျွန်တော့မှာ ငွေကြေးမပါပေ လက်သူကြွယ်မှာဝတ်ထားမိသော လက်စွပ်မောင်းကွင်းလေးအား ချွတ်ကာ ရသည့်စျေးဖြင့် ထမင်းဆိုင်တစ်ခုအား အကူအညီတောင်းရောင်းခဲ့ပြီး ကင်ပွန်းစခန်းသွားမည့် ကားတစ်စီးအား လက်မှတ်ဖြတ်ပြီးတတ်လိုက်ခဲ့ရတယ်။

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now