မူမမှန်သလို ခံစားရတယ်။ ဘာလို့မသိရမှာလဲ။ အတွေးများစွာ နယ်ချဲ့ရင်း နောက်ကလာတဲ့ သမားတော်တယောက်ကို မေးတယ်။ သူလဲဘဲမသိဘူးဘဲ ဖြေတယ်။ အာ့တာနဲ့ ရှေ့ဆက်သွားတော့ ၁၃ ၁၄ အရွယ်ကောင်လေးတယောက်က ငိုယိုပြီး သူ့အမေ ဘယ်မှာလဲ ဆိုပြီး မေးနေတယ်။အာ့တာကို လူတချို့ က ရိုက်ပုတ်ပြီး ပြန်ခိုင်းတယ်။ အာ့ကောင်လေးကို တွန်းပြီး သူတိူ့နေရာသူတို့ပြန်တယ်။ အာ့တာနဲ့ ကျွန်တော်လဲ အာ့ကောင်လေးကို သွားပြီးထူပေးလိုက်တယ်။

"ညီလေး ဘာဖြစ်တာလဲ အကို့ကို ပြောပြနိုင်မလား"

"အကို ကျွန်တော်အမေကို ရှာပေးပါနော် ကျွန်တော်တောင်းပန်ပါတယ်  ကျွန်တော်တောင်းပန်ပါတယ် "

"ဘာဖြစ်တာလဲ အရင်ပြောပြလေ"

"ကျွန်တော့်အမေက လွန်ခဲ့တဲ့ ၃ ရက်လောက်က ရောဂါဖြစ်လို့ ဒီက လူတွေက ခေါ်သွားကြတာ။ အခုထိဘာသတင်းမှ မကြားရသေးဘူး။ပြီးတော့ သူတို့စီမှာတင် သတင်းပျောက်သွားသူတွေရှိတယ်"

"အာ့လိုလား အကို စုံစမ်းပေးမယ်နော် မငိုနဲ့တော့"

"ဟုကဲ့အကို ကျေးဇူးပါ"

"ကျေးဇူးအတင်မစောနဲ့အုံး ရှာတွေ့မှ ပြော"

"ဟုကဲ့"

"ဒါနဲ့မင်းနာမည်က"

"အားထိုပါ"

"အင်းဟုပြီ အကို့နာမည်က ရီပေါ်ပါ"

"အကိုလဲ လူလာရှာတာလား"

"အင်းဟုတယ် အကို့ယောကျာ်းကိုလာရှာတာ"

အားထိုလဲနားမလည်စွာနဲ့ ခေါင်းကုတ်ရင်း ရီပေါ်သွားတဲ့အနောက်ကိုသာ လိုက်လာခဲ့သည်။ သူတို့ရှေ့ဆက်သွားသည်နှင့် လူလေးယောက်လောက် ခိုးကြောင်ခိုးဝှက်နဲ့ အလောင်းတွေကို သယ်နေတာတွေ့ရတယ်။ ကြည့်ရတာ မသေသေးတဲ့ပုံဘဲ။ရောဂါဖြစ်နေတဲ့သူ။အသက်ရူသေးတယ်။အာ့တာနဲ့ မသင်ခါစရာကောင်းတဲ့လူတွေနောက်ကို ကျွန်တော်တို့နှစ်ယောက်လိုက်ကြည့််တယ်။သွားရင်းသွားရင်း မဲမှောင်ပြီး အနံ​့အသက်မကောင်းတဲ့နေရာကိုရောက်တယ်။ အာ့ဒီမှာ ချောက်လိုလို တွင်းလိုလို တူးထားတဲ့နေရာ ရှိတယ်။ ကျောချမ်းချင်စဖွယ်။ အာ့တွင်းအနက်ထဲကို သယ်လာတဲ့ရောဂါသည်တွေကို ပစ်ချလိုက်တယ်။ ပြီး​တာနဲ့ သူတို့တွေပြန်သွားကြတယ်။

Love poison S1 (Complete)Where stories live. Discover now