Chapter - 109

12.1K 1.4K 174
                                    

Unicode
~~~~~~~

မနက်အိပ်ယာထချိန်၌ လုယီလေးဟာ ထုံးဆန်အတိုင်း အကျောဆန့်လိုက်ပြီး သူ့ရဲ့လက်သေးသေးလေးတွေက ဘေးနားကအိပ်ယာပေါ်သို့စမ်းလိုက်တော့ ဘယ်သူမှရှိမနေခဲ့ဘူး ... လုယီလေးမျက်နှာ မှိုင်တွေလျှက် ငေါက်ကနဲနေအောင်ထလိုက်တယ် ... ကလေးငယ်လေးဟာ မနက်မိုးလင်းတိုင်း သူ့ပါပါးအား ချွဲကာဂျီကျနေကျမို့ ဒီကနေ့ သူ့ဘေမှာပါပါးရှိမနေတော့ လုယီလေးစိတ်မကောင်းဖြစ်သွားခြင်းပင် ...

" ပါပါးလဲ ချိဝူး "

လုယီလေးက ကုတင်ပေါ်ကနေဆင်းလာပြီး အနွေးဖိနပ်လေးကိုစီးရင်းဖြင့် ရှုတ်ထွေးနေသည့်ဆံနွယ်လေးတွေကို လက်သေးသေးတွေနဲ့ထိုးဖွရင်း နှုတ်ခမ်းလေးဆူလျှက် အခန်းထဲကနေထွက်လာတော့တယ် ... သန့်ရှင်းရေးလုပ်နေကြသည့်အိမ်ဖော်တွေက သူတို့ရဲ့သခင်ငယ်လေး အိပ်ယာထလာသည်ကိုမြင်လိုက်ရတော့ အားလုံးကတအံ့တဩဖြင့်ကြည့်နေကြလေတယ် ... သခင်ကြီးရဲ့မျိုးဆက်သခင်လေးဟာ အမြဲသပ်ရပ်စွာဝတ်ဆင်ပြီးနေပုံကိုသာမြင်ဖူးကြပြီး ခုလိုကလေးသေးသေးလေးပုံစံမမြင်ဖူးကြ၍ အားလုံးက လုယီလေးအားခိုးခိုးကြည့်နေကြလေတယ် ... လုယီလေးကတော့ဂရုမစိုက်ပါ ... ခုနောက်ပိုင်းအိမ်အကြီးကြီးမှာ လူတွေအရမ်းများလာသလို သူနဲ့ကစားပေးမဲ့လူများလာခြင်းကြောင့် ပျော်နေသေးတယ် ... သူဟာ သခင်လေးအဖြစ်ရာထူးသပ်ခံရမှန်း ငယ်ရွယ်သေးသည့်အတွက်မသိရှိသေးပေ ...

လုယီလေးဟာ သူ့ရဲ့အခန်းနဲ့ အနဲ့ငယ်ကွာဝေးသည့် ခန့်ညားလှသည့်အခန်းထံသွားနေခြင်းပင် ... သေချာပေါက်သူ့ပါပါး အဲ့ဒိအခန်းမှာ ရှိနေမှန်သိနေသည့်အလား ... ထိုအခန်းဟာ သခင်ကြီးရှန်ဖန်းဂူရဲ့အခန်းပင်ဖြစ်တယ် ... မင်းယွီရဲ့ Heat Cycle ကာလက ဒီနေ့ပြီးဆုံးသွားပြီမို့ ပုံမှန်ထက်စောကာ ထွက်သွားချင်းပင် ... လုယီလေးက ထိုအကြောင်းအရာတွေမသိပေမဲ့ မနက်မိုးလင်းတိုင်း သူ့ပါပါးဟာ ဒေါ်လေးမသိအောင် လုယီလေးအားကိုယ်လက်သန့်စင်အဝတ်လဲပေးပြီးတိုင်း ဒီအခန်းထဲခိုးသွားကြောင်းသိနေတယ် ...

" ပါပါး ... ဒယ်ဒီ "

လုယီလေးက အိပ်ယာထလာခါစမို့ အသံသေးသေးလေးနဲ့ခေါ်နေခြင်းအား အထဲမှတုန့်ပြန်သံပေးမလာခဲ့ဘူး ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now