Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)

19.6K 2.1K 153
                                    


Zawgyi

"ကလေး ဘာလုပ်နေတာလဲ" ဆိုသည့် ယောကျာ်းပျိုတစ်ယောက်...မဟုတ်ဘူး နတ်ဆိုးတစ်ပါးရဲ့အသံကိုကြားလိုက်ရသည့်အချိန်မှာ သူ့လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်၊

အနောက်ကနေ မကောင်းသည့်ခံစားချက်တွေ ဘာလို့ရနေတာလဲ ၊အခု တော်တော်မိုးချုပ်နေပြီလေ၊ဘာကြောင့် ဒယ်ဒီက မအိပ်သေးရတာလဲ? အဓိကက ငါ့ကို ဒယ်ဒီ မိသွားပြီ... ။

'ဒါ ငါရဲ့နောက်ဆုံးနေ့လေးများလား??မသေခင် ရေခဲမုန့်တစ်ဇွန်းလေးတော့ စားချင်မိတယ်' မထွက်သည့်မျက်ရည်ကို အတင်းထုတ်ကာ ညှစ်လိုက်ပြီး တုန်တုန်ယင်ယင်လှည့်လာပြီး

"ဒယ်...ဒယ်ဒီ "

လော့ကျန်းပေ့ဟာ သူ့ကို တရားခံလိုကြည့်နေသည့်အကြည့်များကြောင့် တံထွေးများပြန်မြိုချချင်ပေမယ့် လည်ချောင်းမှာ တစ်နေတော့သည်၊လော့ရှန်ဟွာ သူရဲ့ပါးစပ်ကို ဟလိုက်ပေမယ့် အသံထွက်လာခြင်း မရှိပေ၊သူ ဒီချိန်မှာ ဖြေရှင်းချက်ကောင်းကောင်း ပေးသင့်သည်ကို သူသိသည်၊

'တရေးနိုးတာကြောင့် ရေထသောက်တာ၊ပူလို့ ရေခဲသေတ္တာရှေ့ခဏ လာရပ်တာမျိုးပေါ့ 'ဟုတ်ဟုတ်မဟုတ်ဟုတ် ရမ်းတုပ်သင့်ပေမယ့် ဘာအသံမှ ထွက်မလာပေ၊ ကြည့်ရတာ ငါရဲ့အသံတောင် ငါ့ကို အသူရာကယ်ချောက်ထဲပို့ချင်နေတဲ့ပုံပဲ!!!

"ပြော ဘာလုပ်နေတာလဲ ကလေး?" လို့ ထပ်မံမေးသည့် လော့ကျန်းပေ့ရဲ့အသံထဲမှာ အေးစက်မှုများပိုမိုပါဝင်နေသည်ကို သတိထားမိပြီးနောက် လော့ရှန်ဟွာရဲ့မျက်အိမ်ထဲက မျက်ရည်တွေဟာ ဆည်ကျိုးသလို စီးကျလာတော့သည်၊ထိုနောက် တုန်တုန်ယင်ယင်လေးဖြင့် လက်သီးနှစ်ဖက်ကိုဆုပ်ကာ

"ရေ... ရေခဲမုန့်ကို သတိရလို့... အဲ့...အဲ့တာ ခဏ လာကြည့်တာ... ဒယ်ဒီ ...ရှန်လေး လုံး...လုံးဝ စားဖို့ မစဉ်းစားဘူး...တ...တကယ်ပါ"လို့ ပြောလာသည့် ကလေးငယ်ကြောင့် သူ့မှာရယ်လည်းရယ်ချင်သလို အသည်းယားကာ ရင်ခွင်ထဲထည့်ကာ ဖက်လိုက်ချင်ပေမယ့် အမူအရာပျက်သွားခြင်းမရှိ

"မင်းကို ဒယ်ဒီ ဘာပြောထားလဲ အမှန်ပြော လော့ရှန်ဟွာ"လို့ ပြောလိုက်တော့ သူ့ကလေးငယ်ရဲ့ကိုယ်လေးဟာ တုန်တက်သွားပြီး ကြီးမားပြီးဝိုင်းစက်သည့်အပြာရောင်မျက်ဝန်းများဟာ သူ့ကိုကြောက်လန့်တကြားမော့ကြည့်လာကာ... ချယ်ရီရောင်နူတ်ခမ်းလွှာလေးဟာ တဆတ်ဆတ်နဲ့တုန်ယင်နေပြီး နောက်ဆုံးပွင့်လာကာ...

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)Where stories live. Discover now