Part 4

2.4K 195 2
                                                  

Jaejoongခေါင်းတွေအရမ်းကိုက်ကာ ထမရ မျက်လုံးဖွင့်လိုက်တော့ ဒါငါ့အခန်းလဲမဟုတ်ပါလား

ဘယ်ရောက်နေတာပါလိမ့် ဟင် ဒါငါ့အ၀တ်အစားတွေလဲမဟုတ်ဘူး ငါဘယ်ရောက်နေတာလဲ

“အော် နိုးနေပြီလား ဘယ်လိုလဲ ခေါင်းကိုက်နေသေးလား ငါပျားရည်သွားယူလိုက်ဦးမယ်”

“မင်း --မင်းက ဘယ်ကရောက်နေတာလဲ--- “

“အမ် ဒါကငါ့အိမ်လေ--“

“မင်း အိမ် --မင်းအိမ်ကိုငါက ဘယ်လိုရောက်နေတာလဲ မင်းငါ့ကိုဘာလို့ခေါ်လာတာလဲ”

“မင်း အရမ်းမူးနေလို့မမှတ်မိဘူးထင်တယ် ကဲခန စဉ်းစားဦး ငါ ပျားရည်သွားယူလိုက်ဦးမယ်”

သူထွက်သွားတော့စဉ်းစားတာသူ့ဖုန်းကိုကြည့်တော့ပိတ်လျက်သား ဖုန်းဖွင့်လိုက်တာနဲ့ message တွေ miss called တွေအများကြီးဝင်လာသည် ။ Junsuဆီကဖုန်းဝင်လာသည်။

“Junsu”

“အင်း Jaejoong မင်းဘာလို့ဖုန်းပိတ်ထားတာလဲ မင်းဘယ်မှာလဲ မင်းကို Yunho ဟို ဟိုလေ ခေါ်ပြီးထွက်ပြေးသွားတာဆို မင်းမိဘတွေအရမ်းစိတ်ဆိုးဒေါသထွက်နေတယ်”

“ဘာ မဟုတ်ဘူး မဟုတ်ဘူး”

“ဟုတ်တယ် ကျောင်းမှာ မင်းတို့အတူထွက်ပြေးသွားတယ်ဆိုပြီးသတင်းတွေပျံ့နေတယ်”

“ဘာ ဘယ်သူပြောတာလဲ “

“Yunho လေ”

“ ဘာ ----------“

ဒေါသကြောင့်ဖုန်းကိုပစ်ခွဲလိုက်မိသည်။ မင်း မင်း

“ကဲ လာပျားရည်သောက်လိုက် ခေါင်းကိုက်ပျောက်အောင်

သူယူလာတဲ့ပန်းကန်ကိုပစ်ပေါက်ခွဲပလိုက်သည်။

“မင်း လူမဟုတ်ဘူး တိရစ္ဆာန်ကောင် မိုက်ရိုင်းတဲ့ကောင် မင်းကိုငါထိုးတာကို ဒီနည်းနဲ့ကလဲ့စားချေတာပေါ့ဟုတ်လား”

“ဘာတွေပြောနေတာလဲ ငါကမင်းကိုဘာလို့ကလဲ့စားချေရမှာလဲကွ”

“မင်း အပိုတွေပြောမနေနဲ့ မင်းကျောင်းမှာ ငါတို့အတူထွက်ပြေးသွားတယ်လို့သတင်းဖြန့်ထားတယ်လေ ငါ့ကို လူတွေဘယ်လိုထင်ကြမလဲ ဟင် မင်း မင်း”

အချစ်ငတ်သူWhere stories live. Discover now