Part 2 Pleas, Don't Hate me

2.8K 200 2
                                                  

ကျောင်းပိတ်ရက်မနက်ခင်းလေးမှာ Yunho ပန်းပင်လေးတွေကိုပြုပြင်နေမိသည်။ မြေဆွေးထည့်အပင်ပြင် ၀ါသနာပါတဲ့အလုပ်မို့စောစောစီးစီးကိုထလုပ်နေမိသည်။

“ Yunho Yunho~ hyung~~”

Changminအသံတစ်ခါတစ်လေကျတော့အစ်ကိုဟုခေါ်တတ်သောသူ့ထက်နှစ်နှစ်ငယ်သောသူငယ်ချင်းလေးပါ

“ငါဒီမှာ Changminရ”

အသံကြားရာကြည့်လိုက်တော့ ပန်းပင်တွေကြားထဲမှာYunho

“Chang ဘာလိုချင်လို့လဲ”

“အင်း မင်းကို shopping ထွက်ခိုင်းမလို့ ငါစာလုပ်စရာရှိတယ် သင်္ချာတွေလုပ်ရဦးမယ် အ၀တ်အစားလဲနည်းနည်းကြည့်ဝယ်ခဲ့ကွာနော်”

“အင်းလေ ရေချိုးပြီးသွားလိုက်မယ် အိမ်အတွက်ကောဘာမှာဦးမလဲ”

“မင်းစားချင်တာဘဲကြည့်ဝယ်ခဲ့တော့”

ဟုတ်တာဘဲလေ လူငယ်နှစ်ယောက်နေတဲ့အိမ်အတွက်ဘာလိုမှာတဲ့လဲ တကယ်လို့မိသားစုလေးသာရှိခဲ့ရင် အို ဒီမိသားစုကိုဘဲတောင့်တနေတာခက်သားဘဲ--။

ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့Jaejoongအိပ်ယာကိုနောက်ကျမှထလာမိသည်။ ဟိုကောင်တွေနဲ့၁၀နာရီချိန်းထားလို့သာနို့မို့ဆိုဒီထက်ပိုအိပ်မှာ ။

ရေမိုးချိုးပြင်ဆင်အ၀တ်လဲလို့အပြီးမှာ တစ်ကောင်ပြီးတစ်ကောင်ရောက်လာကြသည်။

“မပြီးသေးဘူးလား သွားမယ် ကြာတယ် ဒီနေ့လျှောက်ဒိုးမယ်ဆို”

“အင်းပြီးပြီလေကွာ ဘယ်အရင်သွားမှာလဲ “

“Shopping အရင်ထွက်ရအောင် ငါကုတ်အသစ်လိုချင်လို့”

“အေးလေငါလဲဖိနပ်လိုချင်နေတာအတော်ဘဲ”

Shopping center ရောက်တော့ သုံးယောက်သားမ၀ယ်ဘဲဟိုကြည့်ဒီကြည့်မွှေနေကြသည်။ Couple Tshirt တွေရောင်းတဲ့ဆိုင်မှာ ရှပ်အကွက်လှလှလေးတွေ့လိုက်မိသဖြင့်

“ဟာ ဟိုအကွက်လေးလှတယ် ဟေ့ကောင်တွေမင်းတို့ဒီမှာပြီးရင်လိုက်ခဲ့ငါသွားပြီ”

“အေး အေး”

လိုချင်ပြီဆိုအသည်းအသန်ဖြစ်တတ်တာကိုသိနေတာမို့နှစ်ယောက်သားခွင့်ပြုလိုက်သည်။

အချစ်ငတ်သူWhere stories live. Discover now