5 🔞🔞

25.6K 711 20
                                    

💕💕 စေရင် 💕💕
...........(5). ...........
🔞🔞

ဒီနေ့ တက္ကသိုလ်စတတ်သည့်နေ့....

အမှတ်နည်းသော သူနှင့်အတူတူ အစ်ကိုလေးက...ရိုးရိုး မေဂျာလေးတစ်ခုသာယူပြီး...ကျောင်းတတ်ခဲ့သည်...
တကယ်ဆို သူက သူဖြစ်ချင်ခဲ့သည်က...နာကျင်နေသည့် လူနာများအား သက်သာစေမည့် လူ့အသက်ကို ကယ်တင်ပေးနိုင်မည့် ဆရာဝန်တစ်ဦးပင်...
တကယ်လည်း ထိုသို့ဖြစ်နိုင်လောက်အောင် သူတော်ခဲ့ပါသည်...

သို့သော်လည်း သူ့ဝါသနာကိုရှေ့တန်းတင်ခွင့်မရသော...ခုံနံပါတ်လဲပြောင်း တပ်ဆင်ပေးရသည့်...စာမေးပွဲပေါင်းများစွာက သူ့အား...ဝါသနာကို စွန့်လွှတ်စေသည်လေ...

" ဝါးးးးးးမိုက်လိုက်တာ...သန့်စစ်..ငါ့အိတ်ပါတယ်နော် .."

ကားပေါ်မှဆင်းလိုက်ပြီးသည်နှင့် ကျောင်းအား ဝေ့ဝိုက်ကြည့်ပြီး...နေ့သစ်ကျေနပ်နေလေသည်...

" အင်း..ပါပါတယ်...အစ်ကိုလေး ဘာယူချင်လို့လဲ.."

" မယူချင်ပါဘူး...သွားတော့ ကျောင်းခန်းထဲ...ဟိုမှာ...လီလီ နဲ့ မိန်းမိန်းလာနေပြီ...
တော်ကြာမင်းကိုမြင်သွားရင်...ငါ့ကိုကလေးထိန်းနဲ့ တက္ကသိုလ်လာတတ်တယ်လို့ အပြောခံရလိမ့်မယ်...သွားသွား သွားတော့...အော Roll Call ခေါ်ရင် ထိုးပေးထားနော်... ငါအတန်းလာချင်မှ လာမှာ.."

" ဟင်.. ဟုတ်ဟုတ်..."

ဒီလိုပါပဲ...သူ့အနီးနားမှာ ကျွန်တော်ရှိနေခြင်းက သူ့ရဲ့ဂုဏ်ရှိန်ဂုဏ်ဝါကို ညိုးနွမ်းစေတယ်လို့ သူထင်နေခဲ့တာကြာပြီ...အထက်တန်းကျောင်းသား ဘဝကစတာ... တကယ်ဆို ကျွန်တော်လည်း အရေထူနေပါပြီ...လူကြားမရှောင်ဘဲ အနိုင်ကျင့်တတ်လာတဲ့ အစ်ကိုလေးကို...သည်းခံနိုင်မှုက တိုင်းတာလို့လည်းမရတော့ပါဘူး....
တကယ်ဆို တိုင်းတာခွင့်လည်းမရှိပါဘူး...

ကျောင်းမှာတခြားသူငယ်ချင်းဆိုတာလည်း မရှိ...ရှိခွင့်လည်းမပေး...လင်းလင်းခန့် ဆိုတဲ့ကောင်ကတော့ အဲ့ဒီ့ကိစ္စကိုသိထားတဲ့သူမို့....ကျွန်တော့ကို Silent ခင်ရရှာတယ်...

သူများတွေက ချစ်သူရည်းစားကို ဘယ်သူမှမသိအောင် Silent ထားကျတယ်...
ကျွန်တော်ကတော့ ပြောင်းပြန်...
သူငယ်ချင်းကိုမှ Silent Friend ထားရတယ်...
ခုတော့လည်း လင်းခန့်လည်း ဘယ်ကျောင်းတတ်သည်မသိ...ကျွန်တော်လည်း နေ့သစ်၏မိဘများကျေးဇူးဖြင့် တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ရပြီ....

💕💕 စေရင် 💕💕🔞🔞 (Completed)Where stories live. Discover now