Chapter - 104

10.9K 1.5K 112
                                    

Unicode
~~~~~~~

ရှန်ဟွှာရဲ့ ရှင်သခင်အဖြစ် ရှန်ဖန်းဂူကို တရားဝင်လွှဲပြောင်းပေးမည့် ပွဲကြီးကျရောက်ရန် ရက်အနည်းငယ်သာလိုတော့တယ် … လိုအပ်တဲ့အပြင်အဆင်တွေ လုံခြုံရေးတွေအားလုံး ချမှတ်ပြီးသွားပြီဖြစ်သလို အနယ်နယ်အရပ်ရပ်ကသတင်ထောက်တွေလဲ ရောက်ရှိလာကြလိမ့်မယ် … ပေါက်ကွဲမှုဖြစ်စဉ်က ငြိမ်သက်သွားသလို ရဲတွေဘက်ကလဲ ရှာဖွေ လှုပ်ရှားမှုတွေရပ်တန့်လိုက်တာကြောင့်  ရှန်ဖန်းဂူရဲ့ပွဲက ထင်ထားတာထက် လွယ်လင့်တကူရှိနေတယ် … သိုပေမဲ့ လုံးဝကြီး စိတ်ချယုံကြည်ရတာမျိုးတော့မဟုတ်သေးဘူး … ချန်းတွေငြိမ်နေတာက ကြီးမားတဲ့တိုက်ပွဲကြီးအတွက်ဖြစ်မလားဆိုးရိမ်ရတယ် … ဒါကြောင့် ရှန်ကူးမန်ရဲ့အဖွဲ့ဟာ ချန်းနဲ့ပတ်သတ်တဲ့သတင်းတွေအစုံအလင်ကို အခန်းနားပွဲမရောက်မှီ အပြည့်အစုံရအောင်ကြိုးပန်းနေကြတယ် …

သခင်မကြီးရဲ့လူတွေရဲ့ လေ့လာစစ်ချက်အပြီးမှာတော့ ရှန်ဟွှာပိုင်ဆိုင်သည့် ဆေးဖော်စပ်ခန်းတွေနဲ့ ဓာတ်ခွဲခန်းတွေမှာ အသုံးပြုထားသည့်လက်ယာချေယာများရှိနေသလို အားလုံးက သက်သေဖျောက်သွားခြင်းကြောင့် တရားခံကိုတော့မဖမ်းစီးမိလိုက်ဘူး … သူတို့ရဲ့ရည်ရွယ်ချက်က တရားမဝင်ဆေးတွေကို ရှန်ဟွှာပိုင်ဆိုင်သည့်နေရာတွေမှာ ထုတ်လုပ်ပြီး ရဲတွေလာစစ်ဆေးသည့်အခါ သက်သေနဲ့တကွမိအောင် တစ်ချက်ခုတ်  နှစ်ချက်ပျက်နည်းနဲ့ ထောင်ခြောက်ဆင်ထားခြင်းပင် … သခင်မကြီးကလဲပါးလစ်၍ သက်သေရှာမရသည့်အဆုံး အားလုံးကိုသန့်ရှင်းစေကာ အသစ်အတိုင်း ထားရှိစေလိုက်တယ်  … ထိုကိစ္စကအတွင်းလူသာလုပ်နိုင်မည်ဖြစ်၍ ပိုင်ဆိုင်မှုစာရွက်စာတန်းတွေထဲကိုပြန်ကြည့်ရာ လက်ရှိလုပ်ပိုင်ခွင့်ရှိနေသူက ရှန်ရှုမန်းဖြစ်နေကြောင်းကိုရှာတွေ့သွားတယ် …

ထိုအခါမှ အိမ်တော်ကိုပြန်လာပြီး ဆွေးနွေးကြည့်တော့ သခင်ကြီးဆေးခပ်ခံရကာ စိတ်တွေထွေပြားနေခိုက် ရှုမန်းက စာချုပ်မှာလက်မှတ်ထိုးအောင်လုပ်ခဲ့ကြောင်း အဖြေမှန်ကိုသိရှိသွားတယ် … ဒါဆိုရင် သူတို့ရှာနေတဲ့ဝှက်ဖဲက ရှုမန်းဖြစ်ပြီး အတွင်းလူရှုမန်းက ရှန်ဟွှာကိုသစ္စာဖောက်ကာ ရန်သူများနဲ့ပူပေါင်းနေသည်ဟု သူတို့ယုံကြည်လိုက်ကြတယ် … ထိုကိစ္စကလဲ ခုရှန်ဟွှာရဲ့ရှင်သခင်က ရှန်ဖမ်းဂူဖြစ်သွားလျှင် ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ် …  ခုဝှက်ဖဲကိုလဲမိပြီဆိုတော့ ထပ်လုပ်ရမှာက ချန်း နောက်ထပ်ဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနေလဲ သိရှိရန်ပင် … နောက်ဆုံးတစ်ခုက သူတို့ ကွယ်ဝှက်ထားတဲ့ ဒီဂိမ်တစ်ခုလုံးရဲ့အဓိက နန်းတော်ကြီး တစ်နည်းတစ်ဖုံးဆိုရလျှင် ချန်းမျိုးရိုးရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ဆေးဝါးဖော်စပ်သုသေသနပြုလုပ်နေသည့်နေရာကိုရှာဖွေရန်ပင် … အဲ့ဒါကဂိမ်းရဲ့အဆုံးသတ်ဖြစ်လိမ့်မယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now