Chapter - 101

12K 1.4K 92
                                    

Unicode
~~~~~~~

ပွဲတော်ရက်ပြီးသွားတော့ ရှုတ်ထွေးမှုတွေကြောင့် အရာရှိတွေအတော်လေး အလုပ်ရှုတ်သွားကြတယ် … ကျန်းရှားမေ့နဲ့ဒိုမင်းတို့လဲ Lion ရဲ့စကားကြောင့် မင်းယွီကိုပြန်ခေါ်ဖို့ ရှန်ဟွှာအိမ်တော်ကို ရောက်လာခဲ့ကြတယ် …

" မင်းယွီ … ဒေါ်လေးတို့နဲ့ပြန်လိုက်ခဲ့ "

ခြံဝန်းကြီးထဲမှာ ရှန်ဟွှာရဲ့အစောင့်အရှောက်တွေနဲ့ အရာရှိတွေရဲ့အဖွဲ့သားများ တစ်ဖက်စီသေနတ်ဖြစ်ချိန်ရွယ်ထားကြကာ အသင့်အနေထားမှာရှိနေကြတယ် … သူတို့စရောက်လာစက မင်းယွီကြောက်လန့်မိပေမဲ့ သူပေးထားတဲ့ကတိကိုတော့မပယ်ဖျက်နိုင်ဘူး … မိခင်ကိုတွေ့ချင်မိတဲ့စိတ်က လိုက်သွားဖို့တွန်းအားပေးနေပေမဲ့ လုယီလေးနဲ့ဖန်းဂူကို မထားခဲ့ဖို့ ပေးထားတဲ့သူ့ရဲ့ကတိတွေက သူ့ကိုသွားမရအောင်ဆွဲထားပြီး မင်းယွီဝေခွဲမရတဲ့အခြေအနေတစ်ခုမှာ ရပ်သာနေမိလေတော့တယ် …

သူ့ရဲ့လက်ထဲမှာ လုယီလေးကိုပွေ့ထားရင်း သူ့ကိုခေါ်သွားဖို့ကြိုးစားနေတဲ့အဖွဲ့နဲ့ သူ့အားကာစီးပေးထားတဲ့အဖွဲ ၂ ခုအား ငေးရှုနေမိတယ် … ဖန်းဂူက မနေ့ကပြန်လာခဲ့ပေမဲ့ဒီမနက်တော့အရေးကြီးကိစ္စကြောင့် အပြင်သို့ပြန်ထွက်သွား၍ အိမ်တော်မှာရှိမနေဘူး … ထိုစဉ်သူတို့အနား သခင်ကြီးဟွှာရန်း ရောက်လာခဲ့တယ် …

" ရှန်ဟွှာကို ဘာကိစ္စကြောင့်ရောက်လာရတာပါလဲအရာရှိကြီ "

သခင်ကြီးရဲ့အသံကခက်ထန်ပြီး ဩဇာကြီးမား၍ တပည့်များကတင်းမာနေတဲ့အနေထားကနေ အနည်းငယ်တုန့်သွားကြတယ် … ဒိုမင်းက သခင်ကြီးကိုမြင်သည်နှင့် အတိတ်ကကိစ္စတွေကြောင့် သူ့မျက်နှာကမဲမှောင်လျှက် … ရှားမေ့ကတော့မိန်းမပီပီ  ဒေါသကိုထိန်းကာ ပျက်သားသောလေသံနဲ့ပြန်ဖြေကြားလိုက်လေတယ် …

" ဒီက အယ်ဖာတစ်ယောက်ရဲ့တရားမဝင်သိမ်းပိုက်ချင်းကို ခံထားရတဲ့အိုမီဂါကို ပြန်လာခေါ်တာပါ သခင်ကြီးဟွှာရန်း "

သူမက မင်းယွီအနားတိုးကပ်လာပြီး မင်းယွီလက်ကိုဆွဲလိုက်တဲ့အခါ သခင်ကြီးကလေသံမာမာနဲ့ထပ်မံပြောကြားလာခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now