အခန်း(၂၆)

10.5K 1.9K 141
                                    

伪装学渣
Wei Zhuang Xue Zha




ZAWGYI



ယောက်ျားတို့၏ စွန့်စားခန်း


ညနေပိုင်းself-studyအချိန်၌ ဝမ့်သာသည်လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးကျယ်ခမ်းနားပါသည့်သူ၏အတွေးအားထုတ်ဖော်ပြောကြားလို့လာသည်။

"ဘယ်လိုလဲ ၊ ပျင်းစရာကောင်းတဲ့စနေ၊တနင်္ဂနွေလေးကို အရောင်အသွေးစုံမသွားချင်ကြဘူးလား? အဆောင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မင်းတို့အားလုံးမသိချင်ကြဘူးလား? လူတွေရှင်သန်နေတာဟာ မသိတဲ့အရာတွေကို မပြတ်ရင်ဆိုင်စိန်ခေါ်ကြည့်နေရဖို့မဟုတ်ဘူးလား? မင်းတို့တစ်ယောက်လောက် ငါ့ကိုစကားပြန်ကြစမ်းပါ ၊ မင်းတို့လုပ်ပုံနဲ့က ငါကိုယ်ငါတောင်သနားလာပြီ။"

ရှဲ့ယွီသည် အတန်းတွင်းရှိ လူအနည်းစုကိုလိုက်လို့ကြည့်မိသည်။ သူရယ် ၊ ဟယ့်ကျောင်း နှင့် ဝမ့်သာတို့ကိုဖယ်လိုက်ပါက ကျန်တာဆိုလို့ အတန်းထဲပုံမှန်ဆိုစကားသိပ်မပြောသည့် ကျောင်းသားနှစ်ဦးသာလျှင်ရှိသည်။




ရွှဲရှီရှိန်းသည်ကား ဘာတစ်ခုမှမကြားသည့်ဟန်ဖြင့် တစ်လျှောက်လုံးခေါင်းပင်မော့၍မလာချေ။

သူသည်တစ်ယောက်တည်း ထိုအခက်ဆုံးပုစ္ဆာနှင့်ရှုပ်ထွေးလို့နေပြီး စိတ်တစ်ခုလုံးက စာလေ့လာဆိုသည့်ထဲသာရောက်လို့နေတော့သည်။ ဘေးနားဝန်းကျင်ရှိအရာအားလုံး သူနဲ့လားလားမှမဆိုင်သကဲ့သို့ပင်ရှိသည်။

နောက်ကျောင်းသားတစ်ယောက်အမည်မှာတော့ သင်းလျန့်ဟွာဟုခေါ်၏။ ပုံမှန်ဆို စာမေးလို့ဖြေလေတိုင်း အသံကခြင်အော်သံသကဲ့သို့သာရှိပြီး ပင်ကိုစရိုက်မှာနှုတ်နည်းကာ ကြည့်ရသည်မှာသတ္တိနည်းပုံလည်းရသည်။ ထိုတစ်ယောက်၌ social disorderနည်းနည်းရှိသည်ဆိုပြီးလည်း အခြားတစ်ယောက်ထံကနေပြီး ဝမ့်သာကြားဖူးလေသည် ၊ သို့တိုင်တကယ်ဟုတ်မဟုတ်ဆိုတာတော့မသိပါ။




ရွှီချင်ချင်တစ်ယောက်သာ သူ့အားအနည်းငယ်မျက်နှာသာပေး၍လာသည်။

"မောင်လေးသာ ၊ အစ်မက အရမ်းစိတ်ဝင်စားမိပေမယ့် . . .  . . . အစ်မလည်းစိတ်ဝင်စားတာကလွဲမတတ်နိုင်ဘူး ၊ နင်တို့ဟာကယောက်ျားအဆောင်မှာကို။"

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now