မင်ဟန်တို့ဘက်ကသွေးတွေနဲ့ရစရာကိုမရှိတော့ဘူး
ဂျောင်ကုကမင်ဟန်ကိုဆက်ထိုးနေတယ်

"ဂျောင်ကုတော်တော့သေသွားလိမ့်မယ် "

ထယ်ယောင်းပြောမှဆက်ထိုးမဲ့လက်ကိုချလိုက်တယ်

ဘေးကကျောင်းသားတွေကလည်းကြောင်ကြည့်နေတယ်
ခနနေတော့ကျောင်းအုပ်ကြီးရုံးခန်းသို့
ထယ်ယောင်းနဲ့ဂျောင်ကုမင်ဟန်တို့သုံးယောက်နဲ့
ဂျီမင်ဆို‌တဲ့ကောင်လေးတစ်ယောက်ပေါ့

ဂျီမင်ကကျောင်းရဲ့စာအတော်ဆုံးကျောင်းသားပါ
သူကကျောင်းရဲ့အပေါက်ဝဘေးမာရှိတဲ့
ချယ်ရီပင်အောက်မာစာထိုင်ကျက်နေတာ
ထယ်ယောင်းတို့ပြောတာကောရန်ဖြစ်တာကော
အစအဆုံးတွေ့လိုက်တဲ့သူမို့ပါ

"ကဲမင်းတို့ရန်ဖြစ်ပေါင်းများလာပြီဒီတစ်ခေါက်ကော
ဘယ်လိုဖြစ်တာလဲဘယ်သူအရင်ရန်စတာလဲ
ငါရန်စတဲ့သူဘဲအပြစ်ပေးမယ်"

"ဆရာဂျောင်ကုတို့အရင်စတာပါ
ဒီမာကျွန်တော်တို့ကိုထိုးထားတာတွေ"

"ဂျောင်ကုအမှန်ဘဲလား"

"ဟက် မင်ဟန်မင်းတို့ကွာယောက်ျားမဟုဘူးလား
အမှန်တိုင်းမပြောဘဲနဲ့လုပ်ရဲရင်ခံရဲရတယ်ကွ''

"တော်စမ်းဂျောင်ကုဘယ်သူအရင်ရန်စတာလဲ"

"ဆရာမင်ဟန်တို့ဘက်ကပါ "

"ကဲတော်ကျစမ်းဂျီမင်မင်းပြောမင်းအကုန်တွေ့တယ်မလား"

"ဟုတ်ဆရာ အကုန်တွေ့ပါတယ်"

"ဘယ်သူအရင်ရန်စတာလဲပြော"

"ဆရာကျွန်တော်တစ်ခုလောက်တောင်းဆိုမယ်"

"အရေးထဲမင်းကဘာလဲပြော"

"ဆရာအရင်ရန်စတဲ့သူကိုကျွန်တော်ပြောလိုက်လို့သူတို့ဘက်က
မကျေနပ်ဘဲကျွန်တော့်ကိုရန်မူရင်ကော"

ဉာဏ်ကောင်းတဲ့သူလေးပါ

"ဂျီမင်ငါတို့ဘက်ကမလုပ်တဲ့တွက်မင်းကို
ဘာမှလုပ်စရာမရှိဘူးနော်"

ထယ်ယောင်းမှပြောလိုက်တယ်

"ကဲအမှန်တိုင်းပြောဂျီမင်မင်းကိုသူတို့နစ်ဖွဲ့လုံး
ဘယ်သူမှရန်မမူစေရဘူး"

// 𝐓𝐨𝐱𝐢𝐜 𝐋𝐨𝐯𝐞 //^𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝^Where stories live. Discover now