******

" ခွပ်..."

ကားပေါ်က ဆင်းတယ်ဆိုရင်ဘဲ မေးရိုးထက်ပူခနဲ ဖြစ်သွား
ကာ လဲကျမလိုဖြစ်သွားတာမို့ ကားကိုလက်ထောက်ရပ်လိုက်
မိလေသည်။

"ဒယ်ဒီ..."

နှမ်းခမ်းထောင့်က ပူခနဲဖြစ်လာတာမို့ သွေးထွက်
နေပြီဆိုတာပင် ဘာမှ ပြန်မပြောနိုင်စွာ ခေါင်းငိုက်စိုက်
ရပ်နေရလေသည်။ တကယ်လည်း သူမှားခဲ့တာလေ...

ဆေးရုံဝင်ဝမှာဘဲ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေတော့သည်။
အန်ကယ်လေးက အလောတကြီးထွက်လာပြီး ဒယ်ဒီကို
ဆွဲထားတော့မှ ရပ်သွားကြတော့သည်။ ဆယ်ဟွန်းဆေးရုံထဲ
အမြန်သွားချင်နေပြီး။

စကားများကြရာမှ အိမ်ကနေ ထွက်လာရင်း ဖုန်းဝင်လာတော့
ကိုင်လိုက်တယ်ဆိုရင်ဘဲ ကြားလိုက်ရတဲ့သတင်းက ရင်ဝ
ကိုစောင့်ကန်လိုက်သလိုပင်။

"မင်းဘာလို့ ကလေးကိုတစ်ယောက်ထဲ ပစ်ထားခဲ့တာလည်း
ဆယ်ဟွန်း...ငါအတန်တန်ပြောထားရဲ့သားနဲ့မင်းကွာ.."

"ဒယ်ဒီ...ကျွန်တော်..."

"ကာကွယ်နိုင်တယ်ဆို..မင်းလက်ထဲယုံယုံကြည်ကြည်နဲ့ ဘယ်လိုထည့်ပေးရမလည်း...မားကိုငါဘယ်လိုမျက်နှာပြရ
မလည်း ဆယ်ဟွန်း..."

"ဘာလို့ ရပ်နေတာလည်း ပြောလေကွာ မင်းငါ့သားမဟုတ်
ဘူးလား ...ယောကျာ်းဆိုတာ ကတိတည်ရတယ်ကွ.."

"....."

" ဟိုတစ်နေ့က မင်းဘာပြောခဲ့လည်း ဆယ်ဟွန်း...
ပြန်မယ်ဆိုရင်တောင် မင်းဆွဲထားသင့်တာကွ..အခုတော့ "

"တော်ပါတော့ရှင်းရာ...ကံတရားအတိုင်းဘဲပေါ့.."

"ဟန်.....ဟန်ဘာဖြစ်လို့လည်း အန်ကယ်...ဒယ်ဒီ..
ကျွန်တော့ကိုပြောလေ ဟန်ဘာဖြစ်သွားတာလည်းလို့.."

"မင်းပစ်ထားခဲ့တာဘဲမဟုတ်လား..ထွက်သွားလေဆယ်ဟွန်း
ပြန်မလာခဲ့နဲ့..."

"ဒယ်ဒီ ကျွန်တော်တောင်းပန်ပါတယ်ဗျာ..ကျွန်တော်ဟန်ကို
တွေ့ချင်တယ်လေ...သွားတွေ့ခွင့်ပေးပါနော်.."

ကျန်းရီရှင်း သားဖြစ်သူကို ကြိတ်မနိုင်ခဲမရဖြစ်နေမိတော့သည်။ ကလေးနှစ်ယောက်စကားပြောနေကြတာ အဆင်ပြေမှာပါဆိုဆိုပြီးသူအပြင်ထွက်သွားတာပင်။ လမ်းတစ်ဝက်ကနေ စိတ်မချလို့ကားပြန်လှည့်လာတော့ ဆယ်ဟွန်းကားလည်းမရှိတော့ဘဲတစ်အိမ်လုံးတိတ်ဆိတ်နေတာမို့ သူရင်ထဲထိပ်ခနဲ ဖြစ်သွား
ရင်း အပေါ်ကိုပြေးတက်ကြည့်တော့

Meaning Of Love [Completed]Where stories live. Discover now