CHAPTER 1 -Flag Raising Ceremony

50.4K 3.7K 116
                                    

Unicode

စက်တင်ဘာလအဆုံးရောက်လာလို့ Ning Cheng မှာ အပူချိန်က အေး​စိမ့်စိမ့်လေးဖြစ်နေတယ်။မိုးပေါက်လေးတွေကလဲပြတင်းမှန်ပေါ်ကိုဖြိုးဖြိုးဖြောက်ဖြောက်ကျဆင်းနေတယ်။ကောင်းကင်ကြီးကလဲအုံ့ဆိုင်းမဲ​မှောင်နေပီး အိပ်ငိုက်ဖို့အတွက်တော့လုံးဝပြည့်စုံတဲ့ ရာသီဥတုဖြစ်နေတယ်။

စာသင်ခန်းရဲ့နောက်ဆုံးတန်းမှာရှိနေတဲ့ကျောင်းသားတွေကတော့ အိပ်ပျော်​သွားတာကြာလှရောပေါ့။ အခန်းထဲမှာအရင်ဆုံးအိပ်ပျော်နေကျဖြစ်တဲ့ သွမ့်ကျားရန် ကတော့သူ့မျက်နှာကိုလက်ဖဝါးတစ်ဖက်နဲ့ပျင်းပျင်းရိရိထောက်ထားပီးတော့ ကျန်လက်တစ်ဖက်ကတော့သူ့နတ်ဘုရားမလေးနဲ့ We Chat မှာ စကားစမြည်ပြောနေတယ်။

နတ်ဘုရားမလေး ကျန်းချီနျန် ကတော့ Art Classကကျောင်းသူတစ်ဦးဖြစ်တယ်။ သူတို့နှစ်ယောက်စကားအတော်ကြာအောင်ပြောပီးတော့နှစ်ယောက်သားကတော်တော်လေးရင်းနှီးတယ်လို့ယူဆလို့ရတယ်။ ကျန်းချီနျန် ကသွမ့်ကျားရန် ကိုနောက်စာသင်ချိန်ကျရင် milk tea တစ်ခွက်လာတိုက်မယ်ဆိုပီး message ပို့လာတယ်။ အဲ့တာကသွမ့်ကျားရန် ကိုပျင်းရိနေတာကနေအနည်းငယ်နိုးထလာစေခဲ့တယ်။ သူရဲ့ နှုတ်ခမ်းစွန်းလေးမှာအပြုံးတစ်ခု​ဖြစ်ပေါ်လာတယ်။

သူ reply ပြန်ပီးချက်ချင်းဆိုသလိုပဲတစ်စုံတစ်ယောက်ကသူ့ကိုကြည့်နေတယ်လို့ခံစားမိတယ်။ သူခေါင်းကိုမော့ကြည့်လိုက်တဲ့အခါမှာတော့ စင်မြင့်ပေါ်ကသူ့ကိုလှမ်းကြည့်နေတဲ့ physics ဆရာရဲ့အကြည့်နဲ့ ဆုံမိသွားတယ်။

နေ့တစ်နေ့ရဲ့ပထမဆုံးသင်ခန်းစာက physics တဲ့။ ​ကျောင်းသားအများစုက အိပ်ငိုက်ချင်စိတ်ကိုထိန်းမရတာ အသေအချာပဲ။ ဒီဟာကဖြစ်နေကျမို့ဆရာနဲ့လဲမစိမ်းသက်ပါဘူး။ ဒါပေမဲ့ သူအံ့သြရတာက သွမ့်ကျားရန် ကတစ်ချိန်လုံး မငိုက်ပဲထိန်းထားနိုင်တာပဲ။ သွမ့်ကျားရန် ကိုတစ်နှစ်ကျော်လောက်စာသင်ပီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ်မငိုက်တာတွေ့မြင်ခြင်းပဲ။

"ဟိတ်! သွမ့်ကျားရန် ဒီမေးခွန်းကိုဖြေစမ်း" လို့ physics ဆရာကအပြုံးလေးနဲ့ပြောလာတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now