ပစ္စုပ္ပန် ကာလကို ဇာတ်အိမ်တည်ပြီး စာဖတ်သူတို့ စိတ်ကို တစ်စက္ကန့်လောက် အပူအပင်မရှိတဲ့ အချိန်မျိုး၊ စိတ်ပေါ့ပေါ့ပါးပါး ဖြစ်သွားစေခဲ့ရင် အများကြီး ပျော်မိမှာပါ။
နေသော်ဘုန်းသျှန် ဆိုတဲ့ လူသားလေးက အရာရာပြည့်စုံတယ်လို့ ထင်ရပေမယ့် စိတ်ကို အများကြီး ချုပ်နှောင်ခံထားရတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်ကြီးပြင်းလာတာပါ။
သော်ယံရှင်းဆိုတဲ့ လူသားလေးကတော့ ဘုန်းသျှန်နဲ့ ဆန့်ကျင်ဘက် လွတ်လွတ်လပ်လပ်နေတဲ့ ကလေးလေးတစ်ယောက်အဖြစ် ကြီးပြင်းခဲ့တာမျိုးပါ။
မတူတာတွေအများကြီးရှိတာကိုမှ သူတို့နှစ်ယောက်စလုံးဟာ ကိစ္စတစ်ခုခုလုပ်ရမှာ စေ့စပ်သေချာတာတော့ တူညီပါတယ်။
Heart's Nearest ဆိုတဲ့ ဇာတ်အိမ်ထဲမှာ လူငယ် relationshipတွေအကြား အဖြစ်များတတ်တဲ့ ပြဿနာလေးတွေ ၊ ဖြေရှင်းပုံ ဖြေရှင်းနည်းလေးတွေ လူတိုင်းဟာ အချိန်တစ်ခု လိုပါတယ်ဆိုတာမျိုးကို ချပြချင်တာပါ။
အခုကစပြီး နေသော်ဘုန်းသျှန် ၊ သော်ယံရှင်း တို့နှစ်ယောက်ရဲ့ သူတို့ရဲ့ လူနေမှု ဘ၀ထဲကို ခဏလောက် အလည်သွားကြရအောင်ပါ ။
Shuan က ပြင်ပနဲ့ အနီးစပ်ဆုံးခံစားချက်နဲ့ ရေးမှာဖြစ်လို့ နေရာဒေသနဲ့ အချို့အရာများကတော့ အတော်များများ အပြင်လောကနဲ့ ထပ်တူညီနေတာမျိုး ရှိနိုင်သလို ကွဲလွဲတာမျိုးလည်း ရှိနိုင်ပါတယ်။
အတတ်နိုင်ဆုံး အထိခိုက်ကင်းကင်းနဲ့ ကလေးနှစ်ယောက်ကို ရှင်သန်ခွင့် ပေးပါ့မယ်။
Heart's nearest ကို ရေးဖြစ်တာက လွန်ခဲ့တဲ့လပိုင်းကမှ ထွက်ထားတဲ့ Caleb Hearn & Roise တို့ရဲ့ Little Bit Better ကို နားထောင်ပြီး သတိရစေတဲ့ လူတစ်ချို့ရှိတာကြောင့် အမှတ်တရတွေကို အမှတ်တရ အဖြစ်သိမ်းပြီး တခြားလူတွေကိုပါ မျှဝေကြည့်ချင်လာတယ် ဆိုတဲ့ အကြောင်းကြောင့်ပါ။
Edit :April _26 2024
YOU ARE READING
Heart's Nearest ( ONGOING )
Teen FictionTime will heal but we need a person like a home